CTZPay Myanmar
Nationwide MMQR & Digital Payment Partnership Signing Ceremony

March 22, 2026

Nationwide MMQR & Digital Payment Partnership Signing Ceremony

CTZPay သည် မြန်မာနိုင်ငံ၏ Digital Payment Ecosystem ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Capital Retail, g&g Convenience Store နှင့် Wellington Pharmacy တို့နှင့် ပူးပေါင်းကာ “Nationwide MMQR & Digital Payment Partnership Signing Ceremony” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် Wyndham Grand Hotel Yangon ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

နိုင်ငံအနှံ့အပြားတွင် MMQR စနစ် အသုံးပြုသူ Customer ဦးရေ တိုးတက်များပြားလာစေရန် နှင့် စျေးဝယ်ယူသူ Customer များအတွက် စက္ကန့်ပိုင်းအတွင်း လွယ်ကူချောမွေ့သည့် Digital Payment အတွေ့အကြုံကို ပေးအပ်သွားနိုင်မှာဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် စီးပွားရေး (Digital Economy Ecosystem) ကို အရှိန်အဟုန်မြှင့် တည်ဆောက်သွားနိုင်ရန် အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ MCB Bank, CTZPay, Capital Retail Limited, g&g Limited, Wellington Pharmacy နှင့် MyanmarPay Company Limited တို့မှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုကြောင့် မကြာမီအချိန်အတွင်း တစ်နိုင်ငံလုံး၌ရှိသော g&g Convenience Store ဆိုင်ခွဲများ၊ Capital Retail စူပါမားကတ်များနှင့် Wellington Pharmacy ဆေးဆိုင်များအားလုံးတွင် CTZPay MMQR ကို အသုံးပြု၍  စိတ်ချလွယ်ကူစွာ ငွေပေးချေနိုင်တော့မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုကဏ္ဍ အဆင့်မြှင့်တင်ရာတွင် အရေးပါသော ခြေလှမ်းသစ်တစ်ခုကို လှမ်းတက်နိုင်ခဲ့သည့်အတွက် CTZPay မှ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

Recent Post

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.