စီတီဇင်ပေးထဲက Promo Wallet ဆိုတာ စီတီဇင်ပေးရဲ့ ပြန်အမ်းငွေအစီအစဥ်တွေမှာ ပါဝင်ငွေချေလိုက်တိုင်း ပြန်အမ်းငွေဝင်လာတဲ့ E-Money Wallet နေရာလေးကို ပြောတာဖြစ်ပါတယ်။ Promo Wallet ထဲကို ဝင်လာတဲ့ စီတီဇင်ပေးရဲ့ ပြန်အမ်းငွေများကို ဖုန်းဘေလ်ဖြည့်၊ ငွေပေးချေသော အချိန်များတွင် ပြန်လည်အသုံးပြုနိုင်ပါတယ်။ Promo Wallet ပြန်အမ်းငွေရရှိနိုင်မယ့် ပရိုမိုးရှင်းအစီအစဉ်များကို သိရှိနိုင်ဖို့ စီတီဇင်ပေးရဲ့ Social Channel တွေကို Like & Follow လုပ်ထားလိုက်ပါ။
စီတီဇင်ပွိုင့်ဆိုတာ g&g, Capital, Wellington ဆိုင်တွေမှာ စီတီဇင်ပေးနဲ့ ဖြစ်စေ ငွေသားနဲ့ဖြစ်စေ ဈေးဝယ်ပြီး ရရှိလာတဲ့ ပွိုင့်တွေဖြစ်ပါတယ်။ စီတီဇင်ပွိုင့်တွေကို g&g Convenience Store နှင့် Capital ဆိုင်တိုင်းမှာ စီတီဇင်ပေးနဲ့ဖြစ်စေ ငွေသားနဲ့ ဖြစ်စေ ဈေးဝယ်ပြီး ငွေရှင်းကောင်တာမှာ မိမိ၏ စီတီဇင်ပေး ဖုန်းနံပါတ်ကို ပြောပြရုံနဲ့ စုဆောင်းနိုင်မှာဖြစ်ပါတယ်။ ရရှိလာတဲ့ စီတီဇင်ပွိုင့်များကို စီတီဇင်ပေး အက်ပလီကေးရှင်းရှိ My Rewards ထဲမှတစ်ဆင့် g&g ဈေးဝယ် Discount ကူပွန်များ၊ Capital ဈေးဝယ် Discount ကူပွန်များ၊ လက်ဆောင်ပစ္စည်းများနှင့် လဲလှယ်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။