CTZPay Consumer အကောင့်ကို ဖုန်းနံပါတ်၊ MCB Bank အကောင့်နံပါတ် သို့မဟုတ် MCB mBanking တစ်မျိုးမျိုးကို အသုံးပြုပြီး ဖွင့်လို့ရပါသည်။
CTZPay App အား Download လုပ်၍ Login Page တွင် Register Now ကိုနှိပ်ပါ။ Register with MCB mbanking ကိုနှိပ်၍ mbanking User Name နှင့် Password ကိုထည့်လျှင် Auto ကျလာသောအချက်အလက်များအား မှန်မမှန်စစ်ဆေးပါ။ NRC Photo အရှေ့ အနောက်နှင့် face selfie တို့ကို ထည့်၍ SMS ထဲသို့ကျလာသော OTP ဂဏန်း ၆လုံးအား ရိုက်ထည့်ပါ။ ပြီးနောက် မိမိထားလိုသော Pin နံပါတ်ဂဏန်း ၆လုံးသတ်မှတ်၍ register ပြုလုပ်နိုင်ပါသည်။
Auto Bank Link မဖြစ်ပါ။ MCB ဘဏ်အကောင့်နှင့် စီတီဇင်ပေး ချိတ်ဆက်ပေးရန် My Bank ကိုနှိပ်၍ ဆောင်ရွက်နိုင်ပါသည်။
CTZPay အက်ပလီကေးရှင်း နဲ့ MCB mbanking ကို Oversea မှာသုံးလို့ရပါသည်။
CTZPay Call Center နံပါတ်မှာ စူပါစီတီဇင်များအတွက် +959 969998888, Partner ဖြစ်တဲ့ Agent, Merchant များအတွက် +959 969997777 တို့ကို မနက် ၈နာရီမှ ည၉နာရီထိ ပိတ်ရက်မရှိ ဆက်သွယ်နိုင်ပါသည်။
CTZPay MMQR Merchant အကောင့် Register ပြုလုပ်ခြင်းနှင့် ပတ်သတ်၍ CTZPay ၏ Call Center ဖုန်းနံပါတ် +959 969997777 အားဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဆိုင်နာမည် နှင့် လုပ်ငန်းအမျိုးအစား၊ ဆိုင်ရှင်နာမည်၊ ဆက်သွယ်ရန်ဖုန်း၊ လိပ်စာအပြည့်အစုံ တို့အား ပြောပြပေးရန် လိုအပ်ပါသည်။
ဦးစွာ မိမိ Register လုပ်ထားသော ဖုန်းနံပါတ်နှင့် PIN နံပါတ်ကို ဖြည့်ပါ။ ကျလာသော OTP ကုဒ်ကို ဖြည့်သွင်းပြီး Partner App ကို login ဝင်နိုင်ပါသည်။
စာချုပ်ချုပ်ဆိုပြီး အလုပ်ဖွင့်ရက် ၅ ရက်အတွင်း MMQR Stand ရပါမည်။
CTZPay Call Center နံပါတ်မှာ Partner များအတွက် +959 969997777 ကို မနက် ၈နာရီမှ ည၉နာရီထိ ဆက်သွယ်နိုင်ပါသည်။
CTZPay ၏ Call Center ဖုန်းနံပါတ် +959 969997777 အားဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ ထိုမှတစ်ဆင့် သက်ဆိုင်ရာမှ ဆက်သွယ်၍ ဆောင်ရွက်ပေးပါမည်။
MMQR Stand ရှိသောမည်သည့်ဆိုင်တွင်မဆို CTZPay ဖြင့်ငွေရှင်းနိုင်ပါသည်။
Customer များအနေဖြင့် CTZPay MMQR ငွေပေးချေရန် CTZPay အက်ပလီကေးရှင်းမှ ပုံမှန်ငွေပေးချေသည့်အတိုင်း Scan ကိုနှိပ်ပါ။ Scan ဖတ်ချိန်တွင် ကျလာသည့် Term and condition အားသဘောတူညီကြောင်းအတည်ပြုခြင်းဖြင့် CTZPay MMQR ငွေပေးချေမှု ပြုလုပ်နိုင်ပြီဖြစ်ပါသည်။
CTZPay တွင် MMQR သုံးပြီး ငွေပေးချေမှုလုပ်ရန် CTZPay အက်ပလီကေးရှင်းကို ဖွင့်ပြီး မိမိငွေရှင်းလိုသော QR ကို Scan ဖတ်ကာ အလွယ်တကူ ငွေရှင်းနိုင်ပါသည်။
MMQR ဖြင့် ငွေပေးချေပြီးနောက် ငွေကြေးမှတ်တမ်း (History) သို့မဟုတ် Notifications တွင် ပေးချေမှုအောင်မြင်ခြင်းရှိမရှိအား အတည်ပြုစစ်ဆေးနိုင်ပါသည်။
Customer များအနေဖြင့် CTZPay ၏ သတ်မှတ်ထားသော MMQR Merchant (g&g နှင့် Capital) များတွင် ငွေပေးချေပါက Points များရရှိပါသည်။
ပထမဦးစွာ စီတီဇင်ပေးအက်ပလီကေးရှင်းထဲကို ဝင်ပါ။ ပင်မစာမျက်နှာရှိ MCB mBanking ကိုနှိပ်ပါ။ မိမိ၏ MCB mBanking User ID နှင့် Password ကိုထည့်သွင်းပြီး Login ဝင်နိုင်ပါသည်။
MCB mBanking ဖွင့်ထားတဲ့ ဖုန်းနံပါတ်နဲ့ CTZPay ဖုန်းနံပါတ် မဖြစ်မနေတူဖို့လိုအပ်ပါသည်။ ဖုန်းနံပါတ်မတူပါက မိမိအသုံးပြုလိုသော ဖုန်းနံပါတ်တစ်မျိုးတည်းကိုသာရွေးချယ်၍ CTZPay Call Center (သို့မဟုတ်) နီးစပ်ရာ MCB ဘဏ်ခွဲသို့ ကိုယ်တိုင် သွားရောက်၍ ဖုန်းနံပါတ် ပြောင်းလဲနိုင်ပါသည်။
နီးစပ်ရာ MCBဘဏ်ခွဲသို့ သွားရောက်၍ ဖြစ်စေ၊ CTZPay ထဲရှိ MCB mBanking ၏ Log In စာမျက်နှာတွင် Forget Login ID နှင့် Forget Password အားနှိပ်၍ဖြစ်စေ Login ID အသစ် နှင့် Password အသစ် ရယူနိုင်ပါသည်။ Login ID နှင့် ယာယီ Password အသစ်အား MCB ဘဏ်တွင် Register လုပ်ထားသော ဖုန်းနံပါတ် သို့မဟုတ် Email သို့ ပေးပို့ပေးမည်ဖြစ်ပြီး Customer အနေဖြင့် ယာယီ Password အား မိမိနှစ်သက်သော Password ဖြင့် ၇၂ နာရီ အတွင်း ပြောင်းလဲအသုံးပြုရမည်ဖြစ်ပါသည်။
MCB mBanking Login ID နှင့် Password အား ၅ ကြိမ်နှင့်အထက် မှားယွင်းစွာရိုက်ထည့်မိပါက MCB mBanking Account သည် (၅) မိနစ် Lock ကျသွားမည် ဖြစ်ပါသည်။ (၅) မိနစ် စောင့်ဆိုင်း၍ Login ID နှင့် Password အားထပ်မံရိုက်ထည့်နိုင်ပါသည်။ သို့မဟုတ် Forget Login ID နှင့် Forget Password အားနှိပ်၍ Login ID နှင့် Password အသစ် ရယူနိုင်ပါသည်။
MCB ဘဏ်အကောင့် Active ဖြစ်နေပါက စီတီဇင်ပေးထဲရှိ MCB mBanking ကိုနှိပ်ကာ အလွယ်တကူ Register ပြုလုပ်နိုင်ပါသည်။ မသုံးတာကြာသွားသော MCB ဘဏ်အကောင့်ဖြစ်ပါက နီးစပ်ရာ MCB ဘဏ်တွင် Activate ပြန်လည်ပြုလုပ်ပြီးမှသာ Register ပြုလုပ်နိုင်ပါမည်။