CTZPay Myanmar
Women Transforming Myanmar (WTM) & Digital Payment Partnership Signing Ceremony

July 16, 2026

Women Transforming Myanmar (WTM) & Digital Payment Partnership Signing Ceremony

CTZPay နှင့် Women Transforming Myanmar (WTM) တို့အကြား မြန်မာနိုင်ငံရှိ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များနှင့် MSMEs များ၏ ဘဏ္ဍာရေးဆိုင်ရာ ပါဝင်နိုင်မှု (Financial Inclusion) ကို မြှင့်တင်ပေးရန်၊ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်များကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် MCB Bank ရုံးချုပ်၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်များ အနေဖြင့် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များနှင့် MSMEs များအတွက် လက်လှမ်းမီသော ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ဝန်ဆောင်မှုများ ဖန်တီးပေးရန် နှင့် QR Payment၊ Mobile Wallet စသည့် CTZPay ၏ Digital Payment Solutions များကို ပိုမိုလွယ်ကူ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် ဖြစ်ပြီး ဘဏ္ဍာရေး အသိပညာပေး အစီအစဉ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ၊ လုပ်ငန်းတိုးချဲ့နိုင်ရေး အခွင့်အလမ်းများနှင့် ဈေးကွက် ချိတ်ဆက်မှုများကို ပူးပေါင်း ဖန်တီးပေးရန် ဖြစ်ပါသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် WTM ကွန်ရက်ရှိ အမျိုးသမီး ဦးဆောင်သော စီးပွားရေးလုပ်ငန်းများနှင့် MSMEs များအတွက် CTZPay ၏ ဘဏ္ဍာရေး ဝန်ဆောင်မှုများကို အလွယ်တကူ လက်လှမ်းမီ ရယူနိုင်မည်ဖြစ်ပြီး စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် သင်တန်းများနှင့် ဈေးကွက်ချိတ်ဆက်မှု အခွင့်အလမ်းများကိုပါ ရရှိသွားမည် ဖြစ်ပါသည်။

CTZPay အနေဖြင့် လူတိုင်း လက်လှမ်းမီသော ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ Digital Economy ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပိုမိုကောင်းမွန်သော Financial Ecosystem တစ်ခုကို ဆက်လက် တည်ဆောက်သွားမည် ဖြစ်ပါသည်။

Recent Post

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.