CTZPay Myanmar
KBZMS General Insurance & Digital Payment Partnership Signing Ceremony

May 20, 2026

KBZMS General Insurance & Digital Payment Partnership Signing Ceremony

CTZPay နှင့် KBZMS General Insurance တို့အကြား အာမခံဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်များကို တစ်နေရာတည်းတွင် ပိုမိုလွယ်ကူ လျင်မြန်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ (Partnership Agreement Signing) ကို ၂၀၂၆ ခုနှစ်၊ မေလ (၂၀) ရက်နေ့တွင် MCB Bank ရုံးချုပ်၌ တာဝန်ရှိသူများမှ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ပူးပေါင်းဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက် အနေဖြင့် အာမခံ ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို CTZPay App တစ်ခုတည်းတွင် အလွယ်တကူ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် နှင့်အသက်အာမခံ ဝယ်ယူသူများအတွက် ပိုမို အဆင်ပြေ စိတ်ချရသည့် Digital Payment အတွေ့အကြုံကို ပေးအပ်နိုင်ရန်ဖြစ်ပါသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် CTZPay App ထဲတွင် KBZMS ၏ Insurance Services များကို တိုက်ရိုက် ချိတ်ဆက် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး အာမခံ ဝန်ဆောင်မှုများဖြစ်သည့် အိုးအိမ်၊ မော်တော်ယာဉ် နှင့် လုပ်ငန်းခွင်ဆိုင်ရာ အာမခံ ပရီမီယံကြေးများ ပေးချေခြင်း၊ Digital Sales Products: Travel Protect™ ခရီးသွား အာမခံ နှင့် Personal Accident Insurance (တစ်ကိုယ်ရေ ထိခိုက်ဒဏ်ရာရမှု အာမခံ) များကို အချိန်မရွေး လွယ်ကူစွာ ပေးချေ ဝယ်ယူနိုင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်တွေကို ရရှိနိုင်မည်ဖြစ်ပါသည်။

Recent Post

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.