CTZPay Myanmar
Smart Referral Code Campaign

June 19, 2026

Smart Referral Code Campaign

CTZPay သုံးစွဲသူများအတွက် မိမိ၏ Referral Code ကို မိတ်ဆွေ၊ သူငယ်ချင်းများထံ မျှဝေရုံဖြင့် ဖိတ်ခေါ်သူရော အကောင့်သစ်ဖွင့်လှစ်သူပါ ဆုငွေ ၁,၀၀၀ ကျပ်စီ ရရှိနိုင်မည့် အထူးအစီအစဉ်မှာ ပါဝင်ဖို့
လုပ်ဆောင်ပုံအဆင့်ဆင့်ကို‌ ဖော်ပြပေးလိုက်ပါတယ်။

  • အဆင့် (၁) – လက်ရှိ CTZPay အသုံးပြုသူမှ မိမိ၏ Referral Code ကို မိတ်ဆွေ၊ သူငယ်ချင်းများထံ မျှဝေပါ။
  • အဆင့် (၂) –  သူငယ်ချင်းဖြစ်သူက  CTZPay App ကို ဒေါင်းလုဒ်ဆွဲ၍ အဆိုပါ Referral Code ကို အသုံးပြုကာ အကောင့်သစ် ဖွင့်လှစ်ပါ။
  •  အဆင့် (၃) –  CTZPay အကောင့်ဖွင့်ပြီး (၇) ရက်အတွင်း အကောင့်သစ်မှ ပထမဆုံး Transaction (ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း သို့မဟုတ် MMQR ငွေပေးချေခြင်း) တစ်ခုခုကို အောင်မြင်စွာ ပြုလုပ်ပါ။

ဒါဆိုရင်တော့ CTZPay အကောင့်ဖွင့်ရင်း မျှဝေသူရော လက်ခံကာ အကောင့်ဖွင့်သူပါ ဆုငွေ ၁,၀၀၀ ကျပ်ဆီယူနိုင်ပြီပဲဖြစ်ပါတယ်။

အစီအစဥ်ကာလ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ

 Referral Code မျှဝေနည်း

  • CTZPay ပင်မစာမျက်နှာပေါ်က My Account ထဲကိုဝင်ပါ။
  • Invite Friends ထဲက ကိုယ့်ရဲ့ Referral Code ကို မျှဝေနိုင်ပါပြီ။

Referral Code ဖြင့် အကောင့်ဖွင့်နည်း

  • အကောင့်ဖွင့်မည်ကိုနှိပ်ပါ။
  • ဖုန်းနံပါတ်ကို ထည့်သွင်းပြီး Next ကိုနှိပ်ပါ။
  • ကိုယ်‌ရေးအချက်အလက် ဖြည့်ရာနေရာတွင် Referral Code (ရည်ညွှန်းကုဒ်) လို့ဖော်ပြထားတဲ့နေရာမှာ ထည့်ပါ။
  • နေရပ်လိပ်စာကို ပြည့်စုံစွာဖြည့်ပြီး Next ကိုနှိပ်ပါ။
  • မှတ်ပုံတင်ရှေ့၊ နောက်နဲ့ Selfie ပုံကို ရိုက်ပြီး Next ကိုနှိပ်ပါ။
  • အချက်အလက်များကို ပြန်လည်စစ်ဆေးပြီး Confirm ကိုနှိပ်ပါ။
  • ဖုန်းထဲဝင်လာတဲ့ အတည်ပြုကုဒ် နံပါတ် (၆) လုံးကို ထည့်ပါ။
  • ကိုယ်ပိုင် လျှို့ဝှက် PIN ပြုလုပ်ကာ အတည်ပြုပါ။
  • အချက်အလက်များ ပြည့်စုံမှန်ကုန်ပါက (၂၄) နာရီအတွင်း စူပါစီတီဇင်အဖြစ် အကောင့်အဆင့်မြှင့်သွားမှာ ဖြစ်ပါတယ်။

Recent Post

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.