May 22, 2026
“ပရီမီယာနဲ့ဆင်နွှဲ မိုးရာသီနှစ်ထပ်ကွမ်းကံစမ်းမဲ” အစီအစဉ်သည် ပရီမီယာချစ်သူ စားသုံးသူများနှင့် စီတီဇင်ပေး အသုံးပြုသူများအတွက် ရည်ရွယ်ကာ Premier Coffee & Tea မှ စီစဉ်ကျင်းပပြီး CTZPay (စီတီဇင်ပေး)မှ Payment Gateway တစ်ခု အနေဖြင့် ပူးပေါင်းပါဝင်အားဖြည့်ထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါသည်။
အစီအစဉ်မှာ ဘယ်လိုပါဝင်ရမလဲ?
ယခုကံစမ်းမဲအစီအစဉ်အတွက် “လက်ဆောင်တစ်ထုပ်အပိုနှင့် ကျပ်သိန်းပေါင်းသုံးသောင်းကျော်ငွေသားကံစမ်းမဲများပါဝင်သည်” ဟုရေးထားသည့် စတစ်ကာ ပါသော Premier 3in1, Premier 2Plus1, Premier Espresso, Premier Strong အထုပ်(၃၀)ပါအထုပ်ကြီးများတွင် ပါဝင်သော ကျပ်သိန်းပေါင်း (၃)သောင်းကျော်တန်ဖိုးရှိ ငွေသားကံစမ်းမဲကူပွန်များအား ချက်ချင်းကံစမ်း၍ ပါဝင်နိုင်ပါသည်။ ထို့အပြင် အထုပ်သေး (၁)ထုပ် အပို ပါဝင်သည့်အတွက် တစ်ထုပ်လျှင် (၅၅၀) ကျပ် ဝန်းကျင်ခန့်သာ ကျသင့်သည့်အခွင့်အရေး တစ်ခုလည်း ဖြစ်ပါသည်။
Thank You ဆုမဲပေါက်သူများအတွက်လည်း Thank you စာတန်းပါခဲခြစ်ကူပွန်ကဒ် (၁၀)ခုပြည့်ပါက ယခုပရိုမိုးရှင်းစတစ်ကာပါဝင်သော အိတ်ခွံကြီး (၁၀)ခုနှင့်အတူ ပရီမီယာအထုပ်သေး (၁၀)ထုပ်ကို နီးစပ်ရာဆိုင်များတွင် လဲလှယ်နိုင်ပါသည်။ (အိတ်ခွံများကို (၃၁)ရက်၊ သြဂုတ်လ၊ (၂၀၂၅)ခုနှစ်အထိ လဲလှယ်နိုင်ပါသည်။)
ဤအစီအစဉ်တွင် ငွေသားဆုမဲကံထူးသူများအတွက် စီတီဇင်ပေးမှတစ်ဆင့် ချက်ချင်း E-money များ ရရှိနိုင်ရန်အတွက် ထုတ်ယူပုံအသေးစိတ်အား သိရှိလိုပါက ခဲခြစ်ကူပွန်ကတ်တွင်ပါဝင်သော အသေးစိတ်သိရှိရန် စာတန်းအောက်ရှိ QR Code အား Scan ဖတ်ကာလေ့လာနိုင်ပါသည်။ စီတီဇင်ပေး အကောင့်ဖွင့်ရာတွင် Referral Code (dauDuLLk) သုံး၍ အကောင့်ဖွင့်ပါက Welcome Bonus အဖြစ် E-money (၅၀၀) ကျပ်ကို Main Wallet အကောင့်ထဲသို့ စီတီဇင်ပေးအကောင့် HKYC (Level 2) ဖြစ်ပြီးနောက် ရုံးဖွင့်ရက် (၄) ရက်အတွင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
ပရီမီယာနဲ့ဆင်နွှဲ မိုးရာသီနှစ်ထပ်ကွမ်းကံစမ်းမဲ အစီအစဉ်မှ ငွေသားဆုမဲများကံထူးကြောင်း ဘယ်လိုသိနိုင်မလဲ?
ပရီမီယာဘက်မှ သတ်မှတ်ထားသော ကံစမ်းမဲ အစီအစဉ် စတစ်ကာပါ ထုတ်ကုန်များ၏ အထုပ်သေး (၃၀)ပါအထုပ်ကြီးတိုင်းတွင် ပါဝင်သောခဲခြစ်ကူပွန် အနောက်ဘက်ရှိ ခဲခြစ်နေရာတွင် ခဲခြစ်ပြီး ကံစမ်းနိုင်ပါသည်။
ငွေသားဆုမဲကံထူးသူများသည် စီတီဇင်ပေးအက်ပလီကေးရှင်း HKYC (Level 2) စူပါစီတီဇင်ဖြစ်နေရန်လိုအပ်ပါသည်။ သို့မှသာ ကံထူးထားသောဆုငွေကို စီတီဇင်ပေးအကောင့်၏ Main Wallet ထဲတွင် ရယူနိုင်မည်ဖြစ်သည်။
ငွေသားဆုမဲ သိန်း (၁၀၀)ကျပ် အတွက် Premier Hot Line ဖုန်းနံပါတ် +၉၅၉၂၆၄၅၆၆၀၄၇ သို့ဆက်သွယ်ပြီးထုတ်ယူနိုင်သလို Premier Coffee & Tea Facebook Message မှာလည်းလာရောက်မေးမြန်းနိုင်ပါသည်။ ဆုမဲပါဝင်သော ခဲခြစ်ကူပွန်အားလည်း သိမ်းဆည်းထားရန် လိုအပ်ပါသည်။
ကျန်သောငွေသားဆုမဲများဖြစ်သည့် (၅)သောင်းကျပ်၊ (၁)သိန်းကျပ်၊ (၁၀)သိန်းကျပ် ဆုမဲကံထူးသူများအနေဖြင့် ခဲခြစ်အောက်တွင်ပါဝင်သော QR Code ကို CTZPay App ရှိ My Rewards တွင် Scan ဖတ်ပြီး E-money ဆုငွေများချက်ချင်းရယူနိုင်ပါသည်။
ပရီမီယာနဲ့ဆင်နွှဲ မိုးရာသီနှစ်ထပ်ကွမ်းကံစမ်းမဲ အစီအစဉ်မှ ငွေသားဆုမဲကံထူးပြီး စီတီဇင်ပေးအကောင့်ရှိသူများအတွက် လုပ်ဆောင်ပုံအဆင့်ဆင့်။



စီတီဇင်ပေးအကောင့်ဖွင့်ပုံအဆင့်ဆင့်ကိုကြည့်ရှုရန်
စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ
(၁) “ပရီမီယာနှင့်ဆင်နွှဲ မိုးရာသီနှစ်ထပ်ကွမ်း ကံစမ်းမဲအစီအစဉ်သည် ပရီမီယာ အားပေးသောက်သုံးသူ မိဘပြည်သူများအတွက် ရည်ရွယ်ကာ “Premier Coffee & Tea” မှဦးစီး၍ ပြုလုပ်သော ကံစမ်းမဲ အစီအစဉ်တစ်ခုဖြစ်ပြီး စီတီဇင်ပေးမှ (CTZPay) မှ Payment Partner အဖြစ် ပါဝင်အားဖြည့်ထားပါသည်။
(၂) ယခုကံစမ်းမဲအစီအစဉ်သည် Premier 3 in 1၊ Premier 2 Plus 1၊ Premier Espresso၊ Premier Strong Coffee တို့၏ အထုပ် (၃၀) ပါ အထုပ်ကြီးဝယ်ယူပါက ပရီမီယာအထုပ်သေး (၁) ထုပ် အပိုပါဝင်သည့်အပြင် ကျပ်သိန်းပေါင်း (၃) သောင်းကျော် တန်ဖိုးရှိ ငွေသားဆုမဲများ ထပ်မံကံစမ်းခွင့်ရမည့် အစီအစဉ်ဖြစ်ပါသည်။
(၃) ကံစမ်းမဲကူပွန်တွင်ပါဝင်သော ဆုငွေအမျိုးအစားများမှာ (၅)သောင်းကျပ်ဆု၊ (၁) သိန်းကျပ်ဆု၊ (၁၀) သိန်းကျပ်ဆု၊ သိန်း (၁၀၀) ကျပ်ဆုနှင့် Thank You တို့ဖြစ်ကြပြီး၊ ဖော်ပြပါဆုများအနက် (၅) သောင်းကျပ်ဆု၊ (၁) သိန်းကျပ်ဆု၊ (၁၀) သိန်းကျပ်ဆုများကိုရယူရန် HKYC (Level2) မြှင့်တင်ပြီးသား စီတီဇင်ပေး အကောင့်ရှိနေရန်လိုအပ်ပါသည်။ စီတီဇင်ပေး အကောင့်ဖွင့်ရန်နည်းလမ်းကို (https://ctzpay.com/premier_monsoon)ဒီမှာကြည့်ပါ။
(၄) ဆုမဲထုတ်ယူပုံအသေးစိတ်အား သိရှိလိုပါက ခဲခြစ်ကူပွန်ကတ်တွင်ပါဝင်သော အသေးစိတ်သိရှိရန် စာတန်းအောက်ရှိ QR Code အား Scan ဖတ်ကာလေ့လာနိုင်ပါသည်။ စီတီဇင်ပေး အကောင့်ဖွင့်ရာတွင် Referral Code (dauDuLLk) သုံး၍ အကောင့်ဖွင့်ပါက Welcome Bonus အဖြစ် E-money (၅၀၀) ကျပ်ကို Main Wallet အကောင့်ထဲသို့ စီတီဇင်ပေးအကောင့် HKYC (Level 2) ဖြစ်ပြီးနောက် ရုံးဖွင့်ရက် (၄) ရက်အတွင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
(၅) (၅) သောင်းကျပ်၊ (၁) သိန်းကျပ်၊ (၁၀) သိန်းကျပ် ဆုမဲကံထူးသူများအနေဖြင့် ခဲခြစ်အောက်တွင်ပါဝင်သော QR Code ကို စီတီဇင်ပေးအက်ပလီကေးရှင်း ပင်မစာမျက်နှာတွင်ရှိသော “My Rewards” ထဲသို့ ဝင်ရောက်ကာ ဆုငွေရယူရန်အတွက် သတ်မှတ်ထားသောနေရာတွင် မိမိကံစမ်းမဲကူပွန်တွင် ပါရှိသော QR ကို Scan ဖတ်ပြီးဖြစ်စေ၊ ဆုငွေအောက်တွင်ပါရှိသော Bar Code နံပါတ်များကို ရိုက်ထည့်၍ဖြစ်စေ E-money ဆုငွေများကို ရယူနိုင်ပါသည်။ ရရှိသော ဆုငွေများကို စီတီဇင်ပေးအကောင့် “Main Wallet” အတွင်းသို့ (၁၅) မိနစ်အတွင်း တိုက်ရိုက်ရရှိမည်ဖြစ်ပါသည်။ ဆုငွေလက်ခံရရှိရန် စီတီဇင်ပေးအကောင့် HKYC (Level 2) ဖြစ်နေရန် လိုအပ်ပါသည်။
(၆) ဆုမဲမပေါက်ဘဲ Thank You Coupon ရရှိသူများအတွက် စီတီဇင်ပေးမှ သုံးထပ်ကွမ်းကံစမ်းနိုင်မည့်အစီအစဉ်ကို “My Rewards” ထဲရှိ Premier Banner မှတစ်ဆင့် “စီတီဇင်ပေးရဲ့ သုံးထပ်ကွမ်း ကံစမ်းမဲ” ဆိုသောနေရာကို နှိပ်ကာ ကျလာမည့် Form ထဲတွင် အချက်အလက်များကို ဖြည့်စွက်ရုံနဲ့ ၉၀တန်ဖိုးရှိ E-Money ဆုများကို လစဉ်လတိုင်း (၃) လတိတိ မဲဖောက်ပေးသွားမယ့် သုံးထပ်ကွမ်းအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပြီး၊ လအစ၏ ပထမပတ်တွင် E-Money ကံထူးသူများစာရင်းကို စီတီဇင်ပေး၏ Social Media Channel များတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
(၇) စီတီဇင်ပေး၏ Thank You Coupon ကံထူးသူများအတွက် သုံးထပ်ကွမ်းအစီအစဉ်သည် အစီအစဉ်ကာလအတွင်း အကောင့်တစ်ကောင့်လျှင် တစ်ကြိမ်စာအတွက်သာ အကျုံးဝင်မည်ဖြစ်ပါသည်။
(၈) စီတီဇင်ပေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာသိရှိလိုပါက CTZPay Consumer Helpline ၀၉ ၉၆ ၉၉၉ ၈၈၈၈ သို့ဆက်သွယ်နိုင်ပါသည်။
(၉) မည်သည့် လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုပါရန် မေတ္တာရပ်ခံ တားမြစ်အပ်ပါသည်။ မည်သည့်ပုံစံဖြင့်မဆို လိမ်လည်မှု ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို စီတီဇင်ပေးမှ ပယ်ဖျက်ခြင်း၊ ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိပါသည်။
(၁၀) အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက စီတီဇင်ပေးနှင့် Premier Coffee & Tea မှတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို စီတီဇင်ပေးနှင့် Premier Coffee & Tea မှ လိုအပ်သလို ပြောင်းလဲပြင်ဆင်ပိုင်ခွင့် ရှိပါသည်။