CTZPay Myanmar

HKYCအဖြစ် အတည်ပြုချက်ရပြီးသောသူများသာ မုန့်ဖိုးငွေအားရယူနိုင်မည်ဖြစ်ပါသည်။
ဖော်ပြပါ Red Packet အစီအစဉ်သည် HKYCအကောင့်ဖြစ်ပြီးသော စီတီဇင်ပေးအသုံးပြုသူများ အတွက်သာဖြစ်ပါသည်။
ပါဝင်သူများသည် Red Packet ထဲမှ မုန့်ဖိုးငွေအား တစ်ကြိမ်သာ ရယူခွင့်ရှိပါသည်။
မုန့်ဖိုးငွေသက်တမ်းမှာ (၅) ရက် ဖြစ်ပါသည်။
ပါဝင်သူများအနေဖြင့် သက်တမ်းကုန်ဆုံးသွားသော မုန့်ဖိုးအား ရယူနိုင်တော့မည် မဟုတ်ပါ။
ဤ Red Packet အစီအစဉ်တွင် သင်ရရှိထားသော ပမာဏသည် ပေးပို့သူ ထားရှိထားသည့်ငွေပမာဏပေါ် တွင်သာ အခြေခံရရှိတာဖြစ်ပြီး၊ စီတီဇင်ပေးအနေဖြင့် ငွေပမာဏ ရရှိမှုအပေါ်တွင်တာဝန်မရှိပါ။
သက်တမ်းကုန်သွားသော မုန့်ဖိုးငွေတွင် ကျန်ရှိနေသည့် ပမာဏကို ပေးပို့သူထံသို့ ပြန်လည်ထည့်သွင်းပေးမည် ဖြစ်ပါသည်။
စီတီဇင်ပေးရဲ့ Red Packet အစီအစဉ် ကာလအတွင်း မည်သည့် လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုပါရန် တားမြစ်ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို စီတီဇင်ပေး မှ ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိပါသည်။
အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက စီတီဇင်ပေးမှတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို စီတီဇင်ပေးမှ ပြောင်းလဲပြင်ဆင်ပိုင်ခွင့်ရှိပါသည်။

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.