၁.၁Capital Connect Limited (“CCL”) ကပ်ပီတယ်ကော်နက်လီမိတက်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မှတ်ပုံတင်ထားပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု မှတ်ပုံတင်လက်မှတ်ရရှိထားသည့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုများ ပေးသည့်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
၁.၂စာရင်းဖွင့်ပုံစံ လျှောက်လွှာတွင် ဖော်ပြပါရှိသော လျှောက်ထားသူသည် အပိုဒ် ၁(က)ပါ ခွင့်ပြုမိုဘိုင်း ငွေရေး ကြေးရေးဝန်ဆောင်မှုများကို ဆက်သွယ်ရယူအသုံးပြုသူများ (သို့မဟုတ်) CCL ၏ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု ရယူအသုံးပြုသူ( “ ဆက်သွယ်ဆောင်ရွက်သူများ – Customers” ) ထံသို့ စာရင်းဖွင့်ပုံစံလျှောက်လွှာပါ သတ်မှတ်ဖော်ပြထား သော စည်းကမ်းချက်များကို လိုက်နာလျက် ဝန်ဆောင်မှုပေးရန် သဘောတူပါသည်။
၁.၃CCL ၏ ကိုယ်စားလှယ်အဖြစ် ခွင့်ပြုမိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ရန် လျှောက်ထားမှုကို လက်ခံမည့်သူသည် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့် သက်ဆိုင်ရာ မြန်မာနိုင်ငံ ဥပဒေများအရ ခွင့်ပြုထားသည့် ဝန်ဆောင်မှုနှင့် အခြားဆက်စပ်ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးရာတွင် လိုအပ်သော ကျွမ်းကျင်မှု၊ အရင်းအမြစ်များနှင့် စွမ်းဆောင်ရည်များ ပြည့်မိကြောင်း ဝန်ခံကတိပြုပါသည်။
၁(က)ခွင့်ပြုထားသည့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊
CCL သည် အောက်ဖော်ပြပါ ခွင့်ပြုထားသည့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို စာရင်းဖွင့်ပုံစံ လျှောက်လွှာတွင် ဖော်ပြပါရှိသော လျှောက်ထားသူသို့ လုပ်ကိုင်ခွင့်ပြုသည်။
(က)ငွေပေးချေမှုများနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုများကို မိုဘိုင်းနည်းပညာဖြင့် CCL ၏ မိုဘိုင်းအပလီကေးရှင်း (“CTZW App”) နှင့် မိုဘိုင်းငွေကြေးစာရင်းမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်း၊ “မိုဘိုင်းငွေးကြေးစာရင်း” ဆိုသည်မှာ မိုဘိုင်းငွေ ရေးကြေးရေးဝန်ဆောင်မှုပေးသူ CCL ကမိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုများကို (“CTZW App”) မှတဆင့် ဆောင်ရွက် ပေးရန်အလို့ငှာ ဆက်သွယ်ဆောင်ရွက်သူ၏ ငွေကြေးတန်ဖိုးတစ်ရပ်ကို ထိုသူ၏ မိုဘိုင်းဖုန်းတွင် သိုမှီးပေးထားခြင်းကို ဆိုသည်။
(ခ)ဆက်သွယ်ဆောင်ရွက်သူ ကိုယ်စားလှယ်လျှောက်ထားသူ၏ မိုဘိုင်းငွေကြေးစာရင်းမှ/ သို့ ငွေသွင်းခြင်းနှင့် ငွေထုတ် ခြင်းလုပ်ငန်း။
(ဂ)ဆက်သွယ်ဆောင်ရွက်သူ၏(“CTZW App”)နှင့် မိုဘိုင်းငွေကြေးစာရင်းကိုအသုံးပြု၍ ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်း။
(ဃ)ပြည်တွင်းငွေပေးချေခြင်းလုပ်ငန်းများကို ဆောင်ရွက်သူများနှင့်/သို့မဟုတ် –
၁။လူပုဂ္ဂိုလ်အချင်းချင်းကြား၊
၂။လူပုဂ္ဂိုလ်နှင့် အစိုးရကြား
၂။စာချုပ်အဖွဲ့ဝင်များ၏ အခွင့်အရေးနှင့် တာဝန်များ
၂.၁CCL သည်
၂.၁.၁ဝန်ဆောင်မှုပေးရန် လျှောက်ထားသူနှင့် ၎င်း၏ဝန်ထမ်းများကို ခွင့်ပြုထားသည့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ CCLမှ သင့်လျော်သည်ဟု ထင်သည့်အခါများနှင့် ပုံမှန်သတ်မှတ်ကာလများတွင် သင်တန်းများ ( CCL၏ သင်တန်းများ) သင်ကြားပို့ချပေးရမည်။
၂.၁.၂ကြောငြာနှင့် အရောင်းမြှင့်တင်ရေးဆိုင်ရာ ပစ္စည်းများ၊ စာရွက်စာတမ်းများကို ဝန်ဆောင်မှုပေးရန် လျှောက်ထား သူထံပံ့ပိုးပေးရမည်။
၂.၁.၃ငွေကြေးစီမံခန့်ခွဲရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများကို လျှောက်ထားသူထံသို့ တရားဝန်ခန့်အပ်ထားသော ဖြန့်ချီရေးကွန်ရက်မှတဆင့် ဆောင်ရွက်ရမည်။
၂.၁.၄ခွင့်ပြုထားသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ဆက်သွယ်ဆောင်ရွက်သူ (Customers)ထံသို့ ဝန်ဆောင်မှုပေးရာတွင် လျှောက်ထားသူ လိုက်နာရမည့်မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်း၊ စံသတ်မှတ်ချက် များနှင့် လုပ်ငန်းညွှန်ကြားမှုများကို အခါအားလျော်စွာ သတ်မှတ်ပြဋ္ဌာန်းပေးရမည်။
၂.၁.၅သက်ဆိုင်ရာ တည်ဆဲဥပဒေများအရ လိုအပ်လာနိုင်သည့် သို့မဟုတ် ခွင့်ပြုချက်ရယူရန်အတွက် ဝန်ဆောင်မှု ပေးရန် လျှောက်ထားထံမှ စာရွက်စာတမ်းများ၊ ကတိခံဝန်ချက် သို့မဟုတ် စာချုပ်စာတမ်းများ တောင်းဆိုနိုင်သည်။
၂.၁.၆ဤစာရင်းဖွင့်ပုံစံပါ စည်းကမ်းချက်များကို အဆုံးသတ်ခြင်းနှင့် ပတ်သက်သည့် အပိုဒ်(၃)ပါ CCL ၏ လုပ်ပိုင်ခွင့်များ ကို တစ်ဖက်သတ်မယူဆပဲ CCL သည် ခွင့်ပြုထားသည့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ဝန်ဆောင်မှုပေးရန် လျှောက်ထား သူ၏လုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ တိုးချဲ့၊ ပြင်ဆင်၊ ကန့်သတ် သို့မဟုတ် အဆုံးသတ်ပိုင်ခွင့် ရှိစေရမည် ဖြစ်သည့်အပြင် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ၏ လိမ်လည် လှည့်ဖြားသည့် ပြုလုပ်ဆောင်ရွက်မှု အမှား ပြောဆိုမှု (သို့မဟုတ်) သတင်းအမှားပေးခြင်းနှင့် ပတ်သက်၍လည်း ဆုံးဖြတ်ပိုင်ခွင့် အခွင့်အရေးရှိသည်။
၂.၂ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ၏ လိုက်နာရန်တာဝန်များ အာမခံချက်များနှင့် ကိုယ်စားလှယ်ဆောင်ရွက်မှုများ ဝန်ဆောင်မှုပေးရန် လျှောက်ထားသူသည်
၂.၂.၁စာရင်းဖွင့်ပုံစံတွင် တောင်းဆိုထားသည့် သတင်းအချက်အလက်များကို တိကျမှန်ကန်စွာပေးရမည်။
၂.၂.၂ခွင့်ပြုထားသည့်ဝန်ဆောင်မှုများပေးရန် CCL နှင့် မိုဘိုင်းငွေးကြေးစာရင်းတစ်ခုကိုဖွင့်လှစ်ပြီး ထိန်းသိမ်းဆောင် ရွက်ရမည်။
၂.၂.၃CCL မှပေးသော သင်တန်းများ မူဝါဒများနှင့် လုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများကို ခွင့်ပြုထားသည့် ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးရာတွင် ဝန်ဆောင်မှုရယူအသုံးပြုသူများ (Customers) ၏ လိုအပ်ချက်ကို အလေးထား လျက် ထိုက်သင့်သော သတိဝီရိယများကိုထားကာ ကျွမ်းကျင်သူပီသစွာ ဝန်ဆောင်မှုပေးရမည်။
၂.၂.၄CCL မှ ချမှတ်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အမိန့်များ ညွှန်ကြားလွှာများ CCL မှ သင်ကြားပို့ချသော သင်တန်းများ လုပ်ငန်းလုပ်ဆောင်မှု လုပ်ထုံးလုပ်နည်းနှင့် မူဝါဒများကို လိုက်နာရမည့်အပြင် အခါအားလျော်စွာ ပြင်ဆင် ပြောင်းလဲချက်များနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများအရ သတ်မှတ်ပြဋ္ဌာန်းထားသော ခွင့်ပြုထားသည့် ဝန်ဆောင်မှုများ အပါအဝင် ယင်းတို့ချည်းသာ ကန့်သတ်မထားပဲ ဝန်ဆောင်မှု ရယူအသုံးပြုသူများ၏ လျို့ဝှက်ထား အပ်သော သတင်းအချက် အလက်များလုံခြုံစွာ ထိန်းသိမ်းခြင်းနှင့် ဝန်ဆောင်မှုရယူအသုံးပြုသူများအပေါ် အလေး ထားစီစစ်ခြင်းများကိုလည်း လိုက်နာ ရမည်။
၂.၂.၅ဝန်ဆောင်မှုပေးရန် လျှောက်ထားသူသည် မည်သည့်ကိစ္စရပ်တွင်မဆို ခွင့်ပြုထားသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အထူးသီးသန့် တိုက်ရိုက်ညွှန်ကြားထားချက် တစ်စုံတစ်ရာမရှိပါက CCL ၏ အကျိုးစီးပွားအတွက် ခိုင်မာတည် ကြည်လေးနက်သော သဘောရိုးဖြင့် ပြုမူဆောင်ရွက်ရမည်။
၂.၂.၆ခွင့်ပြုထားသည့်ဝန်ဆောင်မှုများပေးခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများနှင့် အစီ ရင်ခံစာများကဲ့သို့သော အချက်အလက်များကို CCL မှ အခါအားလျော်စွာ တောင်းဆိုလာလျှင် ပေးရမည်။
၂.၂.၇ဝန်ဆောင်မှုပေးရန်လျှောက်ထားသူ၏ အရောင်းဆိုင်တွင် သင်တန်းပို့ချထားပြီး လုံလောက်မျှတသည့် ဝန်ထန်းဦး ရေရှိရမည်။
၂.၂.၈ဝန်ဆောင်မှုပေးရန် လျှောက်ထားသူသည် ၎င်း၏ အရောင်းဆိုင်များကို CCL မှသတ်မှတ်ထားသော တစ်နေ့တာ ဆိုင်ဖွင့်လှစ်ထားရှိရမည်။
၂.၂.၉ခွင့်ပြုထားသည့် ဝန်ဆောင်မှုများ အစဉ်မပြတ် ဝန်ဆောင်မှုပေးနိုင်စေရေးအတွက် ဝန်ဆောင်မှုပေးရန် လျှောက် ထားသူ၏ အရောင်းဆိုင်များတွင် လုံလောက်သောငွေသာားပမာဏ ရှိနေစေရမည်။
၂.၂.၁၀မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM)၏ စည်းမျဉ်းများအရ သတ်မှတ်ထားသော အနိမ့်ဆုံးနည်းပညာ စံနှုန်းများကို လိုက်နာရမည့်အပြင် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများကို အနည်းဆုံးငါးနှစ်အထိ ထိန်းသိမ်းထားရမည်။
၂.၂.၁၁CCL မှ ချမှတ်ထားသော မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM)၏ သက်ဆိုင်ရာ စည်းမျဉ်းများအရ သတ်မှတ်ထားသော အစီရင်ခံစာ တင်ပြခြင်းနည်းလမ်းများကိုလည်း လိုက်နာ ရမည်။
၂.၂.၁၂ခွင့်ပြုထားသော ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM)မှ လိုက်နာရန် သတ်မှတ််ထား သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ် နင်းရေး ဆိုင်ရာမူဝါဒများ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကိုလည်း လိုက်နာရမည့်အပြင် ဆက်သွယ် ဆောင်ရွက်သူအား သိရှိခြင်း၊ (Known-Your – Customer – “KYC”) နှင့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စီစစ်ခြင်းဆိုင်ရာမူဝါဒ များ (Customer Due Diligence – CDD )နှင့် CBM မှသတ်မှတ်ထားသော လုပ်ငန်းဆောင်ရွက်မှု ကန့်သတ်ချက်များကို လည်းလိုက်နာရမည်။ ဤအချက်တွင် ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့မှုနှင့် ဆက်စပ်နေသည်ဟု သံသယရှိသည့် မည်သည့်ဆက်သွယ် ဆောင်ရွက်မှုမျိုးကိုမဆို ချက်ချင်းသတင်းပေးပို့ခြင်းများလည်း ပါဝင်သည်။
၂.၂.၁၃ခွင့်ပြုထားသော ဝန်ဆောင်မှုများနှင့်ပတ်သက်၍ CBM မှ အခါအားလျော်စွာ လိုအပ်၍ ချမှတ်လာနိုင်သည့် မူဝါဒ များ၊ လုပ်ထုုံးလုပ်နည်းများနှင့် လုပ်ငန်းလမ်းညွှန်ချက်များကို လိုက်နာရမည်။
၂.၂.၁၄ဝန်ဆောင်မှုပေးရန်လျှောက်ထားသူ၏ ငွေစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများကို CCL ၏ အပ်ငွေ လက်ခံသည့်ဘဏ်က တောင်းဆိုလာသည့်အခါနှင့် မြန်မာနိုင်ငံရှိ ဥပဒေအာဏာသက်ဝင်စေရေး၊ ထိန်းကွပ်ရေး အဖွဲ့ သို့မဟုတ် တရားရုံးမှ တောင်းဆိုလာသည့်အခါများတွင် CCL မှအဆိုပါ သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် အခွင့်အာဏာရှိသည်။
၂.၂.၁၅အဖိုးအခဆိုင်ရာသတင်းအချက်အလက်များ CCL ကို ဆက်သွယ်ရန် သတင်းအချက်အလက်များနှင့် တိုင်ကြား ချက်များနှင့် ယင်းတို့ကို ကုစားရေးနည်းလမ်းများဆိုင်ရာ သတင်းအချက်အလက်များအပါအဝင် CCL က ပြဋ္ဌာန်းထားသည့် သတင်းအချက်အလက်အကြောင်းအရာများကို ထင်ထင်ရှားရှားပြသထားရမည်။ ဝန်ဆောင် မှုပေးရန် လျှောက်ထားသူသည် အဆိုပါသတင်းအချက်အလက်များကို ဆက်သွယ်ဆောင်ရွက်သူ အသစ်များအား စာရင်းသစ်ဖွင့်သည့်အချိန်တွင် ပေးရမည်။
၂.၃မိုဘိုင်ငွေကြေးဝန်ဆောင်မှုပေးရန် လျှောက်ထားသူသည် အောက်ဖော်ပြပါ မည်သည့်လုပ်ဆောင်မှုမျိုးကိုမျှ လုပ်ဆောင်မှုမပြုပါဟု အာမခံပြုပါသည်။
၂.၃.၁CCL မှ ခွင့်ပြုထားခြင်းမရှိသော (သို့မဟုတ်) ထောက်ပံ့ပေးထားခြင်း မဟုတ်သော မည်သည့်ကြော်ငြာ အရောင်းမြှင့်တင်ရေး (သို့မဟုတ်) စျေးကွက်ရှာဖွေရေးဆိုင်ရာ ပစ္စည်းများနှင့် CCL မှ သတ်မှတ်ပေးထားသည့် ခွင့်ပြုမိုဘိုင်း ငွေကြေးဝန်ဆောင်မှုများအပ အခြားမိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးခြင်းမပြုရ။
၂.၃.၂CCL ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ CCL ကုမ္ပဏီအမှတ်တံဆိပ်နှင့် ဉာဏပစ္စည်းများကို သုံးစွဲခြင်းမပြုရ။
၂.၃.၃CCL ၏ စာဖြင့်ရေးသားခွင့်ပြုထားသော သဘောတူညီချက် တစ်စုံတစ်ရာမပါရှိပဲ သို့မဟုတ် စာရွက်စာတမ်းများ ဖြင့် အာဏာလွှဲအပ်ထားသော သို့မဟုတ် ခွင့်ပြုထားခြင်းမရှိဘဲ CCL ကိုယ်စား မြီရှင်ဆိုင်ရာ သတိပေးမှုများ သို့တညးမဟုတ် CCL ကိုယ်စားဆောင်ရွက်မှုများ သို့မဟုတ် တာဝန်ယူမှုများတွင် CCL အပေါ်တာဝန်ယူမှု တစ်စုံတစ်ရာ မကျရောက် မဖြစ်ပေါ်စေရ။
၂.၃.၄ခွင့်ပြုထားသောမိုဘိုင်း ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်၍ မည်သည့်အငြင်းပွားမှု သို့မဟုတ် တရားစွဲဆိုမှု သို့မဟုတ် ခုခံကာကွယ်ချေပမှု သို့မဟုတ် ဖြေရှင်းမှု သို့မဟုတ် ဖြေရှင်းရန်ကြိုးစားမှု သို့မဟုတ် အငြင်းပွားမှုနှင့်ပတ် သက်သောအမှုဆိုင်ရာ ဆောင်ရွက်မှုများတွင် ထွက်ဆိုချက်တစ်စုံတစ်ရာ ထွက်ဆိုမှုစသည့်ကိစ္စရပ်များတွင် ပါဝင်ပတ်သက် ခြင်းမပြုရ။ အထက်တွင်ဖော်ပြခဲ့သော ကိစ္စရပ်များတစ်စုံတစ်ရာဖြစ်ပေါ်လာပါက လျှောက်ထားသူ အနေဖြင့် CCL ထံသို့ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပြီး CCL ၏ ညွှန်ကြားချက်နှင့်အတူ ပြုမူဆောင်ရွက် ရမည်ဖြစ်သည်။ လျှောက်ထားသူ ကိုယ်တိုင်၏ ပျက်ကွက်မှု ပေါ့လျော့မှုကြောင့်ဖြစ်ပေါ်လာသည့် မည်သည့်ကိစ္စရပ် တွင်မဆို အတွက်ကုန်ကျခဲ့သော ကုန်ကျ စရိတ်တစ်စုံတစ်ရာနှင့်ပတ်သက်၍ CCL ထံမှ ကုန်ကျစရိတ်တောင်းဆို ရန် အခွင့်မရှိစေရ။
၂.၃.၅ဤသဘောတူစာချုပ်ပါ ချမှတ်ထားသော ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ၏ တာဝန်ရှိမှုနှင့် အခွင့်အရေးများ CCL မှ အသိအမှတ်ပြုပေးအပ်ခံစားခွင့်ပြုထားသော အကျိုးစီးပွားမှအပ အခြားသော အကျိုးအမြတ်များကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားခြင်းမရှိစေရ။
၂.၃.၆ခွင့်ပြုထားသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် CCL ကို ထိခိုက်နစ်နာစေသော မည်သည့် ပြုမူ လုပ်ဆောင်မှုများကိုမျှ ပြုစုဆောင်ရွက်ခြင်းမပြုရ။
၂.၃.၇ဤသဘောတူစာချုပ်ပါ သတ်မှတ်ထားသော ခွင့်ပြုမိုဘိုင်း ငွေကြေးဝန်ဆောင်မှုများကို မည်သည့်ဆက်သွယ် အသုံး ပြုသူမဆို ဝန်ဆောင်မှုပေးရန် ငြင်းဆိုခြင်းမပြုရ။
၂.၃.၈ဤသဘောတူစာချုပါ ခွင့်ပြုထားသော မိုဘိုင်ငွေကြေးဝန်ဆောင်မှုများနှင့် သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာကို ကျော်လွင်၍ ပြုမူဆောင်ရွက်ခြင်းမျိုးမပြုရ။
၂.၄ဆက်သွယ်အသုံးပြုသူများ၏ တိုင်ကြားချက်များကို စီမံခန့်ခွဲခြင်း
၂.၄.၁CCL နှင့် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ နှစ်ဦးနှစ်ဖက်စလုံး သိရှိနားလည်သည်မှာ ဆက်သွယ်အသုံးပြုသူ များ၏ တိုင်ကြားချက်များကို CCL မှ တိုက်ရိုက်ကိုင်တွယ် စီမံခန့်ခွဲမည်ဖြစ်သည်။
၂.၄.၂ဆက်သွယ်အသုံးပြုသူ၏ တိုင်ကြားချက်များကို ဝန်ဆောင်မှုပေးရန် လျှောက်ထားသူမှ လက်ခံရရှိသည့်အခါတွင် CCL သို့ အောက်ဖော်ပြပါ နည်းလမ်းများအနက်မှ တစ်ခုခုကိုအသုံးပြု၍ တိုင်ကြားချက်မှုများကို သတင်းပို့အ ကြောင်းကြားရမည်ဖြစ်သည်။
(၁)ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ၏ မှတ်ပုံတင်ထားသောနံပါတ်မှတဆင့် CCL ၏ အရေးပေါ် ဖုန်းခေါ်ဆိုမှု ၇၀၀ သို့ ဆက်သွယ်ခြင်းဖြင့်၎င်း သို့မဟုတ်
(၂)CCL ၏ အီးမေးနံပါတ် care@capitalconnect.com.mm သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
၂.၄.၃ဝန်ဆောင်မှုပေးရန် လျှောက်ထားသူအနေဖြင့် CCL ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရရှိဘဲ ဝန်ဆောင်မှုပေးရန် လျှောက်ထားသူအနေဖြင့် သို့မဟုတ် CCL ကိုယ်စား တိုင်ကြားလာသော တိုင်ကြားချက်များ သို့မဟုတ် ဖြစ်ရပ်များကို ကိုယ်စားဖြေရှင်းပေးခြင်း၊ ရှင်းလင်းပေးခြင်းများ မပြုလုပ်ရ။
၃။စီးပွားရေးလုပ်ငန်းနှင့် လူပုဂ္ဂိုလ်ကြား
၃။ခန့်အပ်မှုစတင်ခြင်းနှင့် တရားဝင်တည်ရှိခြင်း
၃.၁ဤစာရင်းဖွင့်ပုံစံပါ လျှောက်ထားသူသည် ပူးတွဲပါလျှောက်ထားခြင်းပုံစံ၌ ဖော်ပြထားသည့် နေ့ရက်တွင် စတင်အ ကျိုးသက်ရောက်ရမည်ဖြစ်ပြီး အောက်ပါအပိုဒ် ၅အရ အဆုံးသတ်ခြင်း မဖြစ်ပေါ်သည်အထိ တရားဝင်အတည်ဖြစ် စေရမည်။
၄။စီးပွားရေးလုပ်ငန်းများအချင်းချင်းကြားတွင် (“CTZW App”) နှင့် မိုဘိုင်းငွေကြေးစာရင်းကို အသုံးပြု၍ ဝန်ဆောင်မှုပေးခြင်း။
(င)CCL နှင့် အခါအားလျော်စွာ ဆောင်ရွက်မည့်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဗဟိုဘဏ်မှခွင့်ပြုထား သောမိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုများပေးရန် စာဖြင့်ရေးသားခန့်အပ်ထားသူများမှ တဆင့် ဝန်ဆောင်မှုပေးခြင်း။
အထက်တွင်ဖော်ပြပါရှိသော ဝန်ဆောင်မှုများကို ခွင့်ပြုထားသည့် ဝန်ဆောင်မှုများဟု သတ်မှတ်ရမည်။
၄။ရပ်ဆိုင်းခြင်း
၄.၁CCL သည် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူအပေါ်တွင် ပေးထားသော မူဝါဒများနှင့် လုပ်ထုုံးလုပ်နည်းများနှင့် အညီ ပြစ်ဒဏ်ချမှတ်ပိုင်ခွင့်ရှိသည်။ စည်းကမ်းသတ်မှတ်ချက်များအရ CCL နှင့်အခြားသော အခွင့်အရေးများကို တစ်ဖက်သက်မယူဆဘဲ CCL ၏ ကျိုးကြောင်း သင့်လျော်သော ထင်မြင်ချက်အရ ယင်း၏ စီးပွားရေးလုပ်ငန်းအား ထိခိုက်နစ်နာစေနိုင်သည်ဟု သဘောရသော လျှောက်ထားသူ သို့မဟုတ် ယင်း၏ ဝန်ထမ်းများ၏ ကျင့်ဝတ်နှင့် ညီသော အလေ့အကျင့်တစ်စုံတစ်ရာ သို့မဟုတ် ဆောင်ရွက်မှုတစ်စုံတစ်ရာအား CCL အနေဖြင့် သံသယဝင်သည့် အချိန်တိုင်း၌ CCL အနေဖြင့် ဤစာရင်းဖွင့်ပုံစံပါ စည်းကမ်းချက်များအရ ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ၏ တရားဝင်ခွင့်ပြုထားသော ဝန်ဆောင်မှုများပေးရန် အခွင့်အာဏာကို ကျိုတင်အကြောင်းကြားခြင်းမရှိဘဲ ရပ်ဆိုင်းနိုင် သည်။
၅။အဆုံးသတ်ခြင်း နှင့် အဆုံးသတ်ခြင်း၏ အကျိုးဆက်များ
၅.၁CCL သို့မဟုတ် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ မည်သူမဆို စာချုပ်ပါတစ်ဖက်အဖွဲ့ဝင်ထံသို့ စာချုပ်ရပ်စဲခြင်း အကြောင်းကြားစာကို စာဖြင့်ရေးသား၍ ၅ရက်ကြိုတင် အကြောင်းကြားခြင်းဖြင့် စာချုပ်ရပ်စဲနိုင်သည်။
၅.၂ဤစာရင်းဖွင့်ပုံစံပါ စည်းကမ်းချက်များကို အဆုံးသတ်ရာတွင် ဝန်ဆောင်မှုပေးရာတွင် လျှောက်ထားသူသည် CCL မှ ပေးအပ်ထားသော CCL ၏အသိအမှတ်ပြုကတ်များအားလုံး CCL စာရွက်စာတမ်းများအားလုံး အရောင်းမြှင့် တင်ရေးနှင့်ဆိုင်သော မှတ်တမ်းများနှင့် ဤစည်းကမ်းချက်များအရ CCL မှပေးအပ်ထားသော အခြားသော သတင်း အချက်အလက်စာရွက်စာတမ်းများ သို့မဟုတ် ပစ္စည်းများအား CCL ထံသို့ ပြန်လည်ပေးအပ်ရမည်။
၅.၃ဤစာရင်းဖွင့်ပုံစံပါ စည်းကမ်းချက်များရပ်စဲသည့်အချိန်တွင် CCL နှင့်ဝန်ဆောင်မှုပေးရန် လျှောက်ထားသူတို့သည် ပေးရန်ကျန်ရှိသော အဖိုးအခပေးရန် တာဝန်နှင့် ငွေတောင်းခံလွှာ တစ်စုံတစ်ရာကို ရက်ပေါင်း (၃၀)အတွင်း ပေးချေကြ ရမည်။ CCL သည် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝန်ဆောင်မှု ပေးရန် လျှောက်ထားသူမှ CCL အား ပေးဆောင်ရန် ကျန်ရှိသောငွေပမာဏကို ဤစည်းကမ်း ချက်များအရ ခုနှိမ်နိုင်သည်။
၅.၄စာချုပ်ရပ်စဲပြီးနောက် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူသည် ခွင့်ပြုထားသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ နှင့်ပတ်သက်၍ CCL ကိုယ်စား အရောင်းမြှင့်တင်ခြင်း စျေးကွက်ရှာဖွေခြင်း သို့မဟုတ် CCL ၏ တရားဝင်ခန့် အပ်ထားသော ကိုယ်စားလှယ်အဖြစ် ပြုမူဆောင်ရွက်ခြင်းများကို ချက်ချင်းရပ်တန့်ရပ်စဲရမည်။
၆။ထိခိုက်နစ်နာမှုမရှိစေရန် အာမခံခြင်းနှင့် တာဝန်ရှိမှုကို ကန့်သတ်ခြင်း
၆.၁ခွင်ပြုထားသည့်မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများကို ဆက်သွယ်ဆောင်ရွက်သူထံသို့ ဝန်ဆောင်မှုပေးရာတွင် ဖြစ်ပေါ် လာနိုင်သော ဆက်သွယ်ဆောင်ရွက်သူ ခံစားရသော သို့မဟုတ် ကုန်ကျခံရသော တိုက်ရိုက်ဆုံးရှုံးနစ်နာမှု ပျက်စီဆုံးရှုံးမှုသို့မဟုတ် ကုန်ကျစရိတ် (အမြတ်) မရရှိမှု ဝင်ငွေဆုံးရှုံးနစ်နာမှုနှင့် အခြားစီးပွားရေးနစ်နာမှု အစရှိသဖြင့် ကန့်သတ်မထားသော အခြားသောဆက်စပ်ဆုံးရှုံးမှုများမပါဝင်စေဘဲ ဤစာချုပ်ပါအချက် အလက်များကို CCL ဘက်မှ ဖောက်ဖျက်ခြင်း၊ သို့မဟုတ် CCL သို့မဟုတ် ၎င်း၏ဝန်ထမ်းများ၏ တာဝန်ပျက် ကွက်မှု ပေါ့လျော့မှု လိမ်လည်မှု တမင်ပြုလုပ်သော အကျင့်သိက္ခာပျက်ပြားစေခြင်းများအတွက် CCL ဘက်မှ အာမခံသည့်နစ်နာမှုနှုန်းထား ကန့်သတ်ချက်များမှာ မိုဘိုင်းငွေကြေးစာရင်း တစ်ခုစာအတွက် မြန်မာငွေကျပ် ၅၀၀၀၀၀၀ သတ်မှတ်သည်။ အကယ်၍ ဝန်ဆောင်မှုပေးရန် လျှောက်ထားသူမှ သို့မဟုတ် ၎င်း၏ဝန်ထမ်းများမှ အလားတူ ပြုမူဆောင်ရွက်မှု လျစ်လျူရှုမှု လိုက်နာရန်ပျက်ကွက်မှု သို့မဟုတ် မှားယွင်းမှု သို့မဟုတ် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူဘက်မှ စာချုပ်ပါအကြောင်းအရာများကို ဖောက်ဖျက် ခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူဘက်မှ ခွင့်ပြုထားသော အခွင့်အာဏာကို တစ်လွဲ ပြုမူဆောင်ရွက်ခြင်း များ ကျူးလွန်ခဲ့ပါ စာချုပ်ရပ်စဲခြင်း သို့မဟုတ် စာချုပ်ပြီးဆုံးခြင်းကို ဖြစ်ပေါ်စေသည်။ ဤသို့ဖြစ်ပေါ်စေခြင်းအတွက် အာမခံချက်သည် ပျက်ပြယ်ခြင်း၊ ပြီးဆုံးစေခြင်း မရှိစေရ။ ဤအပိုဒ်အရ CCL ၏ တာဝန်ရှိမှုသည် အခြေအနေကိုလိုက်၍ စည်းကမ်းသတ်မှတ်ခြင်းဖြစ်ပြီး ဝန်ဆောင်မှုပေးရန် လျှောက်ထားသူဆောင်ရွက်သည့် အောက်ပါဆောင်ရွက်ရန် တာဝန်များ အနက်မှ အခြားသူများမှ CCL အပေါ် ပြုလုပ်သည့်တောင်းဆိုမှုများ သို့မဟုတ် တောင်းဆိုရန်ကျိုးပမ်းအားထုတ်မှုများသည် ဤစာပိုဒ်၆.၁ပါ တောင်းဆိုမှုပြုနိုင်သည့် အခွင့်အရေးအတွင်း ကျရောက်ခြင်း ရှိမရှိကို ဝန်ဆောင်မှုပေးရန်လျှောက်ထား သူသည်အောက်ပါအချက်အလက်များကို မူတည်၍ စဉ်းစားသည်။
(က)ကျိုးကြောင်းဆီလျော်စွာဖြင့် အသေးစိတ်စာဖြင့်ရေးသားထားသော CCL ထံသို့ တောင်းဆိုမှု၊
(ခ)CCL ထံမှ စာဖြင့်ရေးသားထားသော ခွင့်ပြုချက်တစ်စုံတစ်ရာမရှိစေဘဲ တောင်းဆိုမှုနှင့် ပတ်သက်သည့် မည်သည့် တာဝန်ခံမှု စာချုပ်ချုပ်ဆိုမှု သို့မဟုတ် စေ့စပ်ပြေငြိမ်းမှုများမပြုလုပ်ရ
(ဂ)CCL နှင့် ၎င်း၏ ဝန်ထမ်းများ သို့မဟုတ် အကြံပေးများကို တောင်းဆိုမှုနှင့်ပတ်သက်၍ သင့်တော်သည့်အချိန် အတွင်း တောင်းဆိုသူ၏ အလုပ်၊ နေရာ ဋ္ဌာနနှင့်ဆက်စပ်နေသောပစ္စည်းများ စာရင်းဇယားများ စာရွက်စာတမ်းများ နှင့် မှတ်တမ်းများကို ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ၏ စီမံကွတ်ကဲမှု နှင့် ဝင်ရောက်စစ်ဆေးခွင့် ခွင့်ပြုရမည်။
၆.၂ဝန်ဆောင်မှုပေးရန် လျှောက်ထားသူသည် အောက်ဖော်ပြပါ အခြေအနေများအနက်မှ မည်သည့်ကုန်ကျစရိတ် အသုံးစရိတ် နစ်နာကြေး လျော်ကြေးတောင်းခံမှု ဒဏ်ကြေးဆုံးရှုံးမှု သို့မဟုတ် တာဝန်ရှိမှုများမှ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုင်၍ ဖြစ်စေ CCL အားထိခိုက်နစ်နာမှုမရှိစေရန် အာမခံရမည်။
(က)ဤသဘောတူစာချုပ်ပါ အပိုဒ် ၂.၂ နှင့် ၂.၃အရ ကိုယ်စား ဆောင်ရွက်မှုများနှင့် အာမခံချက်များကို ဖောက်ဖျက်ခြင်း
(ခ)ဝန်ဆောင်မှုပေးရန် လျှောက်ထားသူအား ခွင့်ပြုထားသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ စာချုပ်ချိုးဖောက်ခြင်း၊ ပေါ့ဆစွာ ပြုမှုတို့ကြောင့် တစ်ခြားသူမှ CCL အပေါ်တွင် ပြုလုပ်သော မည်သည့်တောင်း ဆိုမှုများ
(ဂ)ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ ဤသဘောတူစာချုပ်ပါ ခွင့်ပြုထားသော လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပြုမူ ဆောင်ရွက်ခြင်းများ
(ဃ)ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ သို့မဟုတ် ၎င်း၏ ဝန်ထမ်းများ သို့မဟုတ် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူ မှ ခန့်အပ်ထားသော တစ်ခြားပုဂ္ဂိုလ်များ၏ ပေါ့ဆစွာ ပြုမူဆောင်ရွက်မှုများ လိမ်လည်မှု သို့မဟုတ် တမင်ပြု လုပ်သော အကျင့်သိက္ခာပျက်ပြားစေမှုများ သို့မဟုတ် တမင်ပြုလုပ်သော ပျက်ကွက်မှုများ
(င)ဤသဘောတူချုပ်အာဏာသက်ဝင်စေရန် ပြုလုပ်မှုများ
၇။တဆင့်ခန့်အပ်ခြင်း လွှဲပြောင်းခြင်းများ မပြုလုပ်ရ
ဤသဘောတူစာချုပ် နှင့် အခွင့်အရေးနှင့် ပေးရန်တာဝန်များသည် ဝန်ဆောင်မှုပေးရန် လျှောက်ထားသူတစ်ဦး တည်းနှင့်သာ သက်ဆိုင်သည်ဖြစ်၍ ဝန်ဆောင်မှုပေးရန် လျှောက်ထားသူမှာ အခြားသူအား လွှဲပြောင်းခြင်း ပေါင်နှံခြင်း တာဝန်ပေးအပ်ခြင်း ကန့်သတ်ခြင်း ထပ်ဆင့်စာချုပ်ချုပ်ဆိုခြင်း CCL ၏စာဖြင့်ရေးသား သဘောတူညီချက် မရရှိဘဲ လျှောက်ထားသူကိုယ်စားဆောင်ရွက်ရန် ကိုယ်စားခန့်အပ်ခြင်းများ မပြုလုပ်ရ။
၈။အထွေထွေ
၈.၁CCL အနေဖြင့် ဤသဘောတူစာချုပ်ပါ စည်းကမ်းသတ်မှတ်ချက် အချက်အလက်များကို ပြုပြင်ခြင်း ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများ ပြုလုပ်ခွင့်ရှိပြီး အဆိုပါပြုပြင်ခြင်း ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်းများကို ဝန်ဆောင်မှုများကို လျှောက်ထားသူထံသို့ အီလက်ထောနစ် နည်းလမ်းဖြင့်ဖြစ်စေ CCL ၏ ဝက်ဆိုက်တွင်ဖြစ်စေ သို့မဟုတ် ဆိုရှယ်မီဒီယာမှ တဆင့်ဖြစ်စေ အဆိုပါပြုပြင်ခြင်း ပြောင်းလဲခြင်း ပြင်ဆင်ခြင်းများနှင့် စတင်အကျိုးသက်ရောက် မည့်နေ့များကို အကြောင်း ကြားသွားမည်ဖြစ်သည်။ ဝန်ဆောင်မှုပေးရန် လျှောက်ထားသူအနေဖြင့်လည်း CCL ၏ လုပ်ငန်းသဘောသဘာဝအရ အဆိုပါပြုပြင်ခြင်း ပြောင်းလဲခြင်း ပြင်ဆင်ခြင်းများကို သိရှိနားလည်လက်ခံပြီး သီးသန့် အကြောင်းမကြားသည်ကိုလည်း နားလည်သဘောတူလက်ခံလာပါသည်။
၈.၂ဝန်ဆောင်မှုပေးရန် လျှောက်ထားသူသည် ဤသဘောတူစာချုပ်ပါ စည်းကမ်းချက်သတ်မှတ်ချက်များကို ကိုယ်တိုင် သေချာစွာ ဖတ်ရှုနားလည် သဘောပေါက်လက်ခံပြီး CCL သို့မဟုတ် ၎င်း၏ ဝန်ထမ်းကိုယ်စားလှယ်၏ မည်သည့် ရေးသား ဖော်ပြချက် ကိုယ်စားဆောင်ရွက်ခြင်း သို့ စွန့်လွှတ်ခြင်းများအပေါ်တွင် တည်မြီခြင်းမပြုကြောင်း ကတိပြုပါ သည်။
၈.၃ဤသဘောတူစာချုပ်ပါ ပြဋ္ဌာန်ချက်များအနက်မှ အချိန်ကိုဖြစ်စေ အားလုံးကိုဖြစ်စေ မည်သည့်တရားရုံးသို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းမှ ပျက်ပြယ်ကြောင်း အာဏာမသက်ဝင်ကြောင်း ညွှန်ပြပြောဆိုခဲ့ပါက အဆိုပါအချက်မှလွဲ၍ ဤစာချုပ်ပါ ပြဋ္ဌာန်းချက်များသည် အာဏာဆက်လက်တည်မြဲနေမည်ဖြစ်သည်။
၈.၄ဤသဘောတူစာချုပ်ပါ ပြဋ္ဌာန်ချက်များအနက်မှ တစ်ချက်ကိုဖြစ်စေ၊ သို့မဟုတ် ပြဋ္ဌာန်ချက်အများစုကိုဖြစ်စေ CCL ဘက်မှ အချိန်အတိုင်းအတာတစ်ခုအတွင်း အာဏာသက်ဝင်စေရေး ဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက် စွန့်လွှတ်သည်ဟု မယူဆဘဲ ဤသဘောတူစာချုပ်ပါ အခြားစည်းကမ်းချက်များသည် ဆက်လက်အာဏာ သက်ဝင်နေစေရ မည်။
၈.၅ဤစာရင်းဖွင့်ပုံစံပါ စည်းကမ်းချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများက လွှမ်းမိုးရ မည်ဖြစ်သည်။